Our Products

သန့်စင်ပြီးသဘာဝကျွန်းငှက်သိုက်ပေါင်းနည်း

  

၁။ အသုံးပြုရန်လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများ

    (က)အဖုံးပါဒန်အိုးငယ်             ၁လုံး

    (ခ)အဖုံးပါကြွေပန်းကန်ငယ်      ၁လုံး

    (ဂ)ဟင်းရည်သောက်ကြွေဇွန်း    ၁ချောင်း

၂။မိမိစားသုံးလိုသည့် ငှက်သိုက်ပမာဏပေါ်မူတည်၍ ဒန်အိုးနှင့်ကြွေပန်းကန်ကို အသုံးပြုနိုင်သည် ။

၃။ငှက်သိုက်ပေါင်းနည်း

    (က)မိမိစားသုံးလိုသည့် ငှက်သိုက်အခြောက်ကို ငှက်သိုက်မြုပ်သည်အထိ ရေထည့်၍ ပွလာသည်အထိ စိမ်ထားပါ။

   (ခ)ငှက်သိုက်ထည့်ထားသော ကြွေပန်းကန်လုံးကို ဒန်အိုးငယ်တွင်ထည့်၍ ရေကိုကြွေပန်းကန်လုံး၏ သုံးပုံနှစ်ပုံခန့် မြုပ်သည်အထိထည့်ကာ ဒန် အိုးကိုအဖုံးဖုံးပါ ။ 

 

    (ဂ)မီးဖိုပေါ်တွင် မီးမှန်မှန်ဖြင့် (၁းဝ၀)နာရီခန့်ပေါင်းပါ ။

    (ဃ)အချိုစားသုံးလိုသောသူများသည် သကြားခဲ(Rock Sugar)ကိုမိမိလိုသလောက်ထည့်၍ တခါတည်းထည့်ပေါင်းနိုင်သည် ။                                   (သို့)သကြားခဲအရည်သီးသန့်ကျို၍ ပေါင်းထားသည့်ငှက်သိုက်နှင့်လည်း တွဲ၍စားသုံးနိုင်သည် ။

    (င)ကြက်သား ၊ ငါးစသည့်အသားတို့နှင့်လည်း မိမိကြိုက်နှစ်သက်သလို ပေါင်း၍လည်းစားသုံးနိုင်သည် ။

(၄)စားသုံးနည်း

   (က)နံနက်စောစောအိပ်ယာထချိန် မည်သည့်အစားမစာမှမစားသေးမီ ပေါင်းထားသည့်ငှက်သိုက် တစ်ကြိမ်လျှင် (၇၅ဂရမ််)သောက်သုံးနိုင်ပါသည်။

   (ခ)နံနက်စောစောမသောက်သုံးလိုုပါက ညအိပ်ယာဝင်ခါနီးတွင်လည်း ပေါင်းထားသည့်ငှက်သိုက် တစ်ကြိမ်လျှင်(၇၅ဂရမ်)သောက်သုံးနိုင်ပါသည်။

    (ဂ)အခြားသောအစားအစာများနှင့် နာရီဝက်ခန့ခွာ၍ စားသုံးသင့်ပါသည် ။

    (ဃ)ငှက်သိုက်ပေါင်းတစ်ကြိမ်လျှင် (၇၅ဂရမ်) ခန့်သောက်သုံးနိုင်ပါသည် ။

    (လိုအပ်ချက်အရ အချိုလည်း အကြိမ်များစွာခွဲ၍ သောက်သုံးကြသည်။)

မြန်မာ့သဘာဝငှက်သိုက်စစ်စစ်စားသုံးမှု၏ အကျိုးအာနိသင်များ

 

- ငှက်သိုက်သည် အသားအရေကို ဝင်းဝါစိုပြေနူးညံ့စေပြီး အရွယ်တင်နုပျိုစေခြင်း ။

- အမျိုးသား ၊ အမျိုးသမီးများ အသက်အရွယ်မရွေး စိတ်ဖိစီးမှု ဒဏ်ကြောင့် …………

- လုပ်ငန်းခွင်အတွင်း စိတ်ပူပင်ကြောင့်ကြမှု ၊စိတ်ပင်ပန်းမှု ၊အာရုံကြောဖိနှိပ်မှုတို့ ဖြစ်ပေါ်ခြင်းများကို ပြန်လည်သက်သာ သန်စွမ်းစေခြင်း ။

- ကင်ဆာရောဂါဝေဒနာ ခံစားနေရသူများအတွက် အထူးသင့်လျော် ကောင်းမွန်ခြင်း ။

- သက်ကြီးရွယ်အိုးများ ၊ လူငယ်များအတွက် အဆုတ် ၊ ကျောက်ကပ် ၊ သရက်ရွက်တို့၏ လုပ်ဆောင်ချက်များအား ကောင်းစေပြီး  ၊ အမောခံနိုင်၍ စိတ်ချမ်းသာမှုကိုခံစားရခြင်း ။

- ကိုယ်ဝန်ဆောင်မိခင်များအတွက် သန္ဓေသား၏ ကိုယ်ခံအားကို မြင့်တက်စေခြင်း ။

- မွေးကင်းစကလေးငယ်များအတွက် ဖြစ်ပေါ်တက်သော ဝမ်းလျှော ၊ ဝမ်းပျက်ခြင်းများကို သက်သာပျောက်ကင်းစေ နိုင်ခြင်း ။

- အမျိုးသမီးများသွေးသားပြောင်းလဲမှုကြောင့်ဖြစ်ပေါ်တက်သော ရောဂါဝေဒနာများကို သက်သာပျောက်ကင်းစေခြင်း။

- ကလေးငယ်လေးများအတွက် ဦးနှောက်နှင့်အာရုံကြောများကို ပိုမိုထက်မြက်စေခြင်း ၊ ကြီးထွားဖွံ့ဖြိုးမှုနှုန်းအမြန်ဖြစ်ပေါ်စေခြင်း ။

- ကိုယ်ခံအားကောင်းစေပြီး အအေးမိ ၊ တုတ်ကွေးနှင့် ဖျားနာမှုများမှ ကာကွယ်ပေးနိုင်ခြင်း ။

- ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း ။

- ခန္ဓာကိုယ်ပုံစံအမျိုးမျိုးအတွက် သန့်ရှင်းခိုင်မာမှုနှင့် ကိုယ်ခံစွမ်းအား ကျဆင်းမှုကို အထောက်အကူပြုခြင်း ။

ငှက်သိုက်သီးစုံအာဟာရ

 

- အာဟာရပြည့်ဝသည့်ငှက်သိုက်ဆန်ပြုတ်အား မြန်မာ့သဘာဝကျွန်းငှက်သိုက် နှင့် လူတို့ခန္ဓာကိုယ်အတွက် လိုအပ် သည့်အာဟာရဓါတ်များဖြစ်သည့် သဘာဝသစ်သီးများဖြင် ့အဆင့်ဆင့် ပြုလုပ်ထည့်သွင်းထားပါသည်။

- Peotein, Calcium, Food Calories ဓါတ်အများဆုံးပါဝင်သည့် မြန်မာ့သဘာဝကျွန်းငှက်သိုက်သည် လူတို့အတွက်နတ်ဆေး (သို့) အဖိုးတန်ဆေးဝါး သက်ရှည်ကျန်းမာ အစွမ်းထက်ဆေးဖက်ဝင် အာဟာရ ဖြစ်သည်။

- Vitamin များစွာပါဝင်သည့် ကန်စွန်းဥ၊ ရွှေပဲသီး၊ ပြောင်းဖူးနှင့် မုန်လာဥနီသည် အူရောင်ခြင်း၊ နှလုံးအားနည်းခြင်း၊ ကင်ဆာရောဂါ၊ သွေးတိုးရောဂါဖြစ်ခြင်းများကိုလည်း ကာကွယ်နိုင်ပြီး အသားအရေနူးညံ့ခြင်းနှင့် မျက်နှာအရေပြား တွန့်ခြင်းများကိုလည်း ကာကွယ်နိုင်သည်။

- အာလူးတွင် ခန္ဓာကိုယ်အတွက်လိုအပ်သည့် Vitamin_A များဖြည့်ပေးနိုင်ပြီး Proteinဓါတ်များရှိ၍ သက်သတ်လွတ် စားသူများအတွက် အသားဓါတ်များ ဖြည့်ပေးနိုင်ပါသည်။

ငှက်သိုက်အာဟာရ စားသုံးမှု၏ အကျိုးအာနိသင်

 

- အခြားကျန်းမာရေးဆိုင်ရာဆေးအာဟာရနှင့် လုံးဝမတူဘဲ ထူးခြားသည့်စွမ်းအင်များ ဂုဏ်သတ္တိများ ရရှိပါသည်။

- ကိုယ်ဝန်ဆောင်မိခင်များအတွက် Calcium ဓါတ်ကြွယ်ဝစွာပါဝင်သဖြင့် ကြံ့ခိုင်သန်စွမ်းမှု၊ ကိုယ်တွင်းအသည်းနှင့် အဆုတ်အင်အားကုန်ခန်းမှုတို့ကို ဖြည့်တင်းပေးသည်။

- အမျိုးသမီးများ ခန္ဓာကိုယ်အတွက်လိုအပ်သော Protein ဓါတ်ပြည့်ဝစွာပါဝင်သည်။ ကလပ်စည်းအသစ်များဖြစ်ပေါ် စေခြင်း ၊ ခန္ဓာကိုယ်ခုခံအားတိုးမြင့်ပေးသည့်စွမ်းအင်များဖြစ်စေခြင်း ၊ နုနယ်ပြေပြစ်သောကိုယ်သားကိုယ်ရေဖွံ့ဖြိုး ခြင်း နှင့် အရေပြားပြည့်တင်းကျန်းမာခြင်းကိုဖြစ်စေသည်။

- အရွယ်ရောက်လူကြီးပိုင်းတွင်ဖြစ်တတ်သော အရိုးပွရောဂါကို ကာကွယ်ပေးခြင်း၊ အဆုတ်လေပြွန် နှင့် အဆုတ်များ ကို သန်စွမ်းစေပြီး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများ မဖြစ်ပွားစေရန် တားဆီးကာကွယ်ပေးနိုင်သည်။

- ကလေးငယ်များ ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်၊ သတ္တုဓါတ်နှင့် အမိုင်နိုအက်စစ်ဓါတ်တို့ကြောင့် ကလေးငယ် များ၏ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားသန်မာစေသည်။

- ကလေးငယ်များကြီးထွားစအရွယ်တွင် အာဟာရဓါတ်ဖြည့်စွက်စာအဖြစ် ကျွေးမွေးရန် အထူးလိုအပ်ပါသည် ။

- ဆေးလိပ်သောက်သူများ အဆုတ်တွင်းသွေးလည်ပတ်မှု မှန်ကန်စေခြင်း ၊ အဆုတ်သွေးကြောများနှင့် ကိုယ်အတွင်း  ရှိသွေးကြောများထဲမှအဆိပ်အတောက်ကို ဖယ်ရှားစေခြင်းနှင့် အဆုတ်သန်မာကြံ့ခိုင်စေနိုင်ပါသည်။

 

Visitors: 21,502